X
No image to display
Agriculture

Thar Htoo Aung

Price : MMK 16983.00 MMK 18500.00

YOU SAVE : MMK 1517.00 (8.2% off)

Product Description

"သာထူးအောင် အကြောင်းရှင်းလင်းချက်အပြည့်အစုံ"


၁။ သာထူးအောင်ဆိုတာဘာလဲ?
 သာထူးအောင် ဆိုတာ ဩဂဲနစ်ဇီဝမြေဩဇာပဲဖြစ်ပါတယ်။ 

၂။ ဘယ်သီးနှံတွေအတွက်သုံးလို့ရပါသလဲ?
 သီးနှံမျိုးစုံအတွက် သုံးလို့ရပါတယ်ခင်ဗျာ။

၃။ အလုံးလား အမှုန့်လား?
 အမှုန့်ပါခင်ဗျာ...ကြဲပက်လို့အဆင်ပြေသော အစိုဓါိတ်ပါဝင်သည့် အမှုန့်ပုံစံပါခင်ဗျာ။

၄။ ဘာတွေနဲ့ အခြေခံပြီးထုတ်လုပ်ထားပါလဲ?
 စွန့်ပစ်လက်ဖက် ၁၀၀% အခြေခံထားပြီး ကလောမှုန့်၊ အီးအမ်၊ ထရိုင်ကိုဒါးမား၊ ဖွဲနု၊ အရိုးမှုန့်၊ ဒိုလိုမိုက် စသည်တို့ပါဝင်ပေါင်းစပ်ထုတ်လုပ်ထားပါတယ်ခင်ဗျာ။

၅။ ဒါဆို သာထူးအောင်မှာ အပင်အတွက်ဘယ်လိုအဟာရဓါတ်တွေ ပါဝင်နေပါလဲ?
 သာထူးအောင်မှာ အပင်အတွက်လိုအပ်တဲ့ အဓိကအဟာရဓါတ်များဖြစ်တဲ့ ဩဂဲနစ်နိုက်ထရိုဂျင် ၂.၃၁%၊ ဩဂဲနစ်ဖော့စဖိတ်(တီစူပါ) 0.9 မှ1%၊ ဩဂဲနစ်ပိုတက်ရှ် ၅.၂၈% စသည်တို့ပါဝင်ပြီးသည့်အပြင် အနည်းလိုအဟာရဓါတ်များဖြစ်တဲ့ ဆာလဖာ၊ ကယ်စီယမ်၊ ဘိုရွန်၊ မဂ္ဂနီစီယမ် စသည့် အဟာရဓါတ်များပါဝင်နေပါတယ်။

၆။ အိတ်မှာရေးထားတဲ့ OM-76% ကရော ဘာအတွက်လဲခင်ဗျာ?
 အဲ့ဒါသာထူးအောင်ရဲ့ အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုပါပဲဗျာ။ OM ဆိုသည်က Organic Matter လို့ခေါ်တဲ့ သစ်ဆွေးဓါတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့စိုက်ခင်းမြေဆီလွှာတွေမှာ အရေးတကြီးနဲ့ မြေဆီလွှာရဲ့ ၅% နှုန်းလောက်ရှိဖို့လိုအပ်တဲ့ ဓါတ်ဟာ သစ်ဆွေးဓါတ်ဆိုတဲ့ OM ပါပဲ။
  ဒါ့အပြင် သူနဲ့တွဲဖက်ပြီးပြောစရာရှိလာတဲ့ ပါဝင်ပစ္စည်းတစ်ခုကတော့ အကျိုးပြုအနုဇီဝတွေပဲဖြစ်ပါတယ်။ အိတ်ပေါ်မှာထည့်မရေးထားပေမဲ့ သစ်ဆွေးဓါတ် OM ကဲ့သို့ သာထူးအောင်ရဲ့ အဓိကအားထားရတဲ့ ဇာတ်လိုက်ပါပဲ။
 ပါဝင်အရေအတွက်အားဖြင့် သာထူးအောင် မြေဩဇာမှုန့် တစ်ဂရမ်(မန်ကျည်းစေ့ခန့်အရွယ်) မှာ အကျိုးပြုအနုဇီဝသက်ရှိပေါင်း သန်း ၈၀ ပါဝင်နေပါတယ်ဗျာ။
 အဲ့ဒါကိုပြန်ခွဲရင် အပင်အတွက်လိုအပ်တဲ့ နိုက်ထရိုဂျင်ကို လေထဲကရော မြေကြီးထဲကပါ ဖမ်းယူပြီးအပင်ကိုပေးတဲ့ အနုဇီဝမျိုးစိတ်‌အရေအတွက်က တစ်ဂရမ်ကို ၄သန်း၊ ဖောစဖိတ်(တီစူပါ) ဆိုတဲ့ မြေဆီလွှာထဲကျေပျက်ရန်ခဲယဉ်းတဲ့ အဟာရဓါတ်ကို အပင်စားလို့ရအောင် ချေဖျက်ပေးတဲ့အနုဇီဝအရေအတွက်က တစ်ဂရမ်ကို ၁၄ သန်း၊ ဒီလိုပဲ ပိုတက်ရှ် အဟာရဓါတ်ကို ချေဖျက်ပေးတဲ့ အနုဇီဝအရေအတွက်က တစ်ဂရမ်မှာ ၁၆ သန်း၊ စသဖြင့်အဓိကပါဝင်ပြီး ကျန်တဲ့သက်ရှိတွေကတော့ ထရိုင်ကိုဒါးမားလို့ခေါ်တဲ့ အကျိုးပြုမှိုနဲ့ အနုဇီဝမျိုးစိတ်တွေ ရှင်သန်ပေါက်ပွားဖို့ ကူညီပေးတဲ့ ယိစ့် တွေရယ်ပါဝင်နေပါတယ်ခင်ဗျာ။

၇။ အဲ့ဒိတော့ သာထူးအောင်ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ သာထူးအောင်က အပင်အတွက်ဘယ်လိုအကျိုးပြုပါလဲဗျ?
 အရင်ဆုံးပြောရရင်တော့ ဩဂဲနစ် NPK တွေနဲ့ အနည်းလိုအဟာရဓါတ်တွေက အပင်အတွက်အဟာရပေးတာပေါ့ခင်ဗျာ။ နောက်တစ်ခု သစ်ဆွေးဓါတ် OM က မြေဆီလွှာထဲ အနှစ်နှစ်အလလ ကကျွေးထားတဲ့ NPK အဟာရဓါတ်တွေဟာ ထိန်းချုပ်ခံ ဒြပ်ပေါင်းတွေဖြစ်ပြီးတော့ မြေဆီလွှာဟာ အလုပ်လုပ်မှုနည်းလာတာမျိုး ဓါတ်ကြွင်းကျန်အဆိပ်သင့်တာမျိုးတွေဖြစ်လာတဲ့အခါ သာထူးအောင်မှာပါနေတဲ့ အလွန်ကြွယ်ဝတဲ့ သစ်ဆွေးဓါတ်က ချေဖျက်ပစ်ပါတယ်။ အဲ့တော့ မြေဆီလွှာက ချက်ချင်းအလုပ်ထလုပ် နိုးကြား (Active) ဖြစ်လာတယ်ပေါ့ဗျာ။
  ပြီးတော့ မြေဆီလွှာထဲမှာ လှည့်ပတ်လှုပ်ရှားနေတဲ့အကျိုးပြု အနုဇီဝတွေရဲ့ ရှင်သန်လည်ပတ်မှုကိုလည်း ပုံမှန်ပြန်ဖြစ်စေတယ်။ ဂေဟစနစ်မှန်ကန်စေတယ်ပေါ့ဗျာ။ သူနဲ့အတူ သန်း ၈၀ သော အနုဇီဝတွေကလည်း ခုနအပင်က လိုအပ်တဲ့ NPK အဟာရဓါတ်တွေကို သဘာဝအတိုင်းရရှိအောင်လုပ်ဆောင်ပေးတယ်။ အချို့ကအဟာရပိုင်းတင်မက အပင်နဲ့မြေဆီလွှာမှာ ဝင်ရောက်လာမယ့် ‌ေရာဂါဖြစ်စေသော မှို ဘက်တီးရီးယား‌တွေကို ဟန့်တားစေတယ်ပေါ့။ အထူးသဖြင့် ထရိုင်ကိုဒါးမားလိုအကျိုးပြုမှိုလည်း အပါအဝင်ပေါ့ခင်ဗျာ။ မြေဆီလွှာမှာ စတင်စိုက်ပျိုးတဲ့ မျိုးစေ့ ပျိုးပင်ကအစ ဗီဇအတိုင်းဖြစ်ထွန်းပေါက်ပွားစေဖို့ တနည်းအားဖြင့် အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်မှန်ကန်စေဖို့ ၁၀၀% အလုပ်လုပ်ပေးတယ်ပေါ့။ အပင်တစ်ပင်ရဲ့ရှိသင့်ရှိထိုက်တာတွေရှိလာမယ်‌ပေါ့ဗျာ။ ဒါ့ကြောင့် ဓါတ်မြေဩဇာတွေလို လိုသလိုလုပ်ယူလို့ရတဲ့ NPK အချိုးတွေမပါပေမဲ့ အပင်တစ်ပင်ဖြစ်ဖို့ မြေဆီလွှာကောင်းတစ်ခုဖြစ်ဖို့ လိုအပ်တဲ့ ဓါတုဂုဏ်သတ္တိ ဇီဝဂုဏ်သတ္တိ တွေပြည့်ပြည့်စုံစုံပါဝင်နေပါတယ်ဗျာ။

၈။ ဒါဆိုဓါတ်မြေဩဇာနဲ့ ဩဂဲနစ်မြေဩဇာ ဘာကွာခြားလဲဗျာ? ဘယ်ဟာကိုသုံးသင့်ပါလဲ?
 အဲ့ဒိမေးခွန်းအတွက်အဖြေကရှင်းပါတယ်ဗျာ။ ဓါတ်မြေဩဇာမှာ အနည်းလိုအဟာရဓါတ်တွေ စုံအောင်ပါနေလား မပါဘူးမလား။ ဩဂဲနစ်မှာ အကုန်ပါတယ်ဗျာ။ ဓါတ်မြေဩဇာမှာ အပင်နဲ့မြေဆီလွှာအတွက် အဓိကလိုအပ်တဲ့ သစ်ဆွေးဓါတ်နဲ့ အကျိုးပြုအနုဇီဝတွေပါလား မပါဘူးမလား။ ဩဂဲနစ်မှာပါတယ်ဗျာ။
 ဒါဆို ဩဂဲနစ်မှာရော အဟာရအများကြီးစားတတ်တဲ့အပင်တွေအတွက်ဆို NPK အချိုးတွေအများကြီးပါနေလား မပါဘူးလေ ဒါမျိုးက ဓါတ်မြေဩဇာပဲရမှာဗျ။ 
 ဘယ်ဟာသုံးသင့်လဲဆိုတာကတော့ ကျွန်တော်တို့ဟာ အလုပ်တစ်ခုလုပ်ရင် သီအိုရီနဲ့ လက်တွေ့ဆိုပြီး သဘောတရားနှစ်ခုရှိတယ်ဆိုတာ ပြောနေကြစကားရှိတယ်လေခင်ဗျာ။ အဲ့တော့ ဓါတ်မြေဩဇာက သီအိုရီပေါ့ဗျာ ဘာလိုတယ် ဘာဓါတ်က ဘယ်လောက်ရာနှုန်းစသဖြင့် အတိအကျနဲ့ပေါ့၊ တကယ့်မြေပြင်လက်တွေ့မှာကျတော့ NPK သုံးမျိုးတည်းနဲ့ အခြားအနည်းလိုအဟာရဓါတ် 3-4 မျိုးလောက်နဲ့ ကိစ္စကမပြီးတော့ဘူးလေ အဲ့တော့ လက်တွေ့သမားက ဩဂဲနစ်ဇီဝ မြေဩဇာပေါ့ဗျာ။ ဒီတော့ သီအိုရီရယ် လက်တွေ့ရယ် ပေါင်းစပ်လိုက်တော့ အောင်မြင်ပြီပေါ့ဗျာ။

 နောက်ဆုံးအနေနဲ့ အကြံပေးလိုတာကတော့ သူ့နေရာနဲ့သူ မဖြစ်မနေအသုံးဝင်နေတဲ့ပစ္စည်းတွေကို သွေးမခွဲဘဲ ဓါတ်မြေဩဇာ(သီအိုရီ) နဲ့ ဩဂဲနစ်ဇီဝမြေဩဇာ (လက်တွေ့)တို့ကို ပညာသားပါပါ မိမိမြေပြင်အတွေ့အကြုံတွေနဲ့ပေါင်းစပ်လိုက်ရင် ကျန်းမာသန်စွမ်းပြီး လှုပ်ရှားတက်ကြွနေတဲ့မြေဆီလွှာပေါ်မှာ အောင်မြင်ဖြစ်ထွန်းတဲ့သီးနှံစိုက်ခင်းတွေကို မြင်ရပြီပေါ့ဗျာ။

မေတ္တာဖြင့်ပေါင်းစပ်ဖြေရှင်းချက်
#သာထူးအောင်
#ဩဂဲနစ်ဇီဝမြေဩဇာ
Terms & conditions
This offer is valid until stocks last or till the offer ends. Final Price is inclusive of the offer. Offer is applicable on select products and brands. In the event the user returns any/all products in the order placed during the Offer Period, thereby not maintaining the minimum purchase value, as required to avail the Offer, he/she shall not be eligible for the Offer. Accordingly, the amount availed as a discount under the Offer shall stand deducted from any refund(s) processed for the returned product(s).
Tags
Share Via

This site was designed with Websites.co.in - Website Builder

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support